လင်းပန်းအိမ်

      ကျမငယ်ငယ်ကစာရေးဆရာလုပ်မယ်စိတ်ကူးမိတော့လေထဲတိုက်အိမ်ဆောက်တဲ့အနေနဲ့ကလောင်နံ
မည်ကိုကြိုစိတ်ကူးယဉ်ခဲ့တာပေါ့။နံမည်တွေအမျိုးမျိုးစဉ်းစားမိပေမယ့်သဘောမကျဖြစ်နေရင်းစာပန်းအိမ်ဆို
တဲ့ဘော်ဒါဆောင်လေးတခုကိုသိလိုက်ရတော့ပညာရနံ့တွေထုံသင်းနေတဲ့အရိပ်အမြုံလေးလို့ကိုယ်ဘာသာ
အဓိပ္ပါယ်ကောက်ရင်းနှစ်သက်သဘောကျမိတယ်။အဲဒါနဲ့ကျမရဲ့ကလောင်နံမည်လေးကိုလင်းပန်းအိမ်ရယ်
လို့လူမသိသူမသိကင်ပွန်းတပ်လိုက်တာပေါ့။
      ကျမစာရေးချင်တဲ့ရည်ရွယ်ချက်ကလည်းအသိဥာဏ်အင်အားနည်းပါးသေးတဲ့သူတွေကိုကိုယ်သိထား
သလောက်ပြန်ဝေမျှအလင်းပေးချင်တာပါ။တောက်ပလင်းလက်တဲ့ညတွေအတွက်တော့အလင်းတမှုန်က
မပြောပလောက်ပေမယ့်အမှောင်ညတွေအတွက်တော့အသုံးဝင်သလို၊ညှိုးနွမ်းတဲ့ပတ်ဝန်းကျင်အတွက်ပန်း
ရနံကတစက်ပင်ဖြစ်ပါစေထိုက်သင့်သလောက်တော့မွှေးပျံစေနိုင်တယ်ဆိုတဲ့အဓိပ္ပါယ်လေးပါ။
      ဂျာနယ်လစ်ပေါက်စတစ်ယောက်ဖြစ်လာတော့ဒီကလောင်နံမည်ကိုသုံးဖြစ်ခဲ့ပေမယ့်အကြောင်း
ကြောင်းကြောင့်ဒီလောကကထွက်ဖြစ်ခဲ့တာမို့ကျမသဘောကျနှစ်ခြိုက်လှတဲ့ဒီကလောင်ကိုသိမ်းဆည်း
ထားခဲ့ရပါတယ်။
      ဒီလိုနဲ့အင်တာနက်အလွယ်တကူသုံးလို့လည်းရလာရောချိုးနှိမ်မေ့ပျောက်ထားခဲ့ရတဲ့စာရေးချင်စိတ်
ကတစခန်းထလာတာမို့ဘလော့ရေးဖို့စိတ်ကူးမိတော့စာရေးဆရာရူးရူးခဲ့ချိန်ကစလို့ဆယ်စုနှစ်တစ်
စုစာမကနှစ်သက်ခဲ့တဲ့ဒီနံမည်ကိုပဲသုံးဖြစ်ခဲ့ပါတယ်။သူငယ်ချင်းမောင်လေးတစ်ယောက်ကတော့နံမည်
ကထောင့်ထောင့်ကြီးမကောင်းဘူးဆိုပြီးတခြားနံမည်စဉ်းစားဖို့အကြံပေးခဲ့ပေမယ့်လည်းခေါင်းမာစွာပဲဒီ
နံမည်ကိုရွေးခြယ်လိုက်တယ်။(ကိုရေခဲရေ.....ဆောရီးပါနော်။)
                            အားလုံးကိုယ်စိတ်နှလုံးရွှင်ပြုံးကြပါစေ

တောင်းပန်စကား

             ကျမဘလော့မှာပရိတ်သတ်မရှိသေးပေမယ့်မရှိသေးတဲ့ပရိတ်သတ်ကိုပဲတောင်းပန်စကား
ဆိုပါရစေ။ဘလော့ကိုစတင်ဖန်တီးချိန်ကစလို့ခုချိန်ထိအလုပ်မအားလပ်တာကတကြောင်းကျန်းမာရေးမ
ကောင်းတာကတကြောင်းကြောင့်လုပ်လက်စဘလော့ကိုဒီအတိုင်းပစ်ထားလိုက်တာအတော်ကြာသွား
ပါတယ်။ရေးချင်တာလေးတွေရှိနေပေမယ့်လက်တွေ့တော့ချမရေးဖြစ်ခဲ့ပါဘူး။အခုတော့စိတ်အား၊လူအား
ဖြစ်ပြီမို့ဘလော့ဘက်ကိပြန်လှည့်နိုင်ပါပြီ။ဘလော့နဲ့ပက်သက်ပြီးမကျွမ်းကျင်ပဲစာရေးချင်စိတ်ကြောင့်
သာတတ်သလောက်ဖန်တီးထားတဲ့ဘလော့မို့လိုအပ်ချက်တေများပေမယ့်အဆင်ပြေအောင်ကြိုးစား
ဖန်တီးထားပါတယ်။ဘလော့ရေးမယ်ဆိုတည်းကအားပေးပါမယ်လို့(အားနာစွာနဲ့)ကတိပေးထား
ကြတဲ့သူငယ်ချင်းများအားလုံးကိုလည်းခုလိုနှောင့်နှေးနေတဲ့အတွက်တောင်းပန်ရင်းဆက်အားပေး
ကြပါဦးလို့။

မိမိကိုယ်ကိုမှန်မှန်ကန်ကန်ချစ်ကြပါ

      ခုလိုနည်းပညာတိုးတက်နေတဲ့ခေတ်ကြီးမှာအရာရာကိုအလွယ်တကူလေ့လာနိုင်တဲ့အခွင့်အလမ်း
ကောင်းတွေရှိနေပါပြီ။ကိုယ်သိချင်တာတတ်ချင်တာမှန်သမျှအချိန်နဲ့တပြေးညီလေ့လာလို့ရတဲ့အင်တာ
နက်နည်းပညာထွန်းကားလာတာကျမတို့အတွက်မဟာအခွင့်ကောင်းပါ။ဒီအခွင့်အရေးကိုကျမမှာဒီအ
ရွယ်ရောက်မှသုံးရကောင်းမှန်းသိတာမို့အသိနောက်ကျလေခြင်းရယ်လို့နှမြောတသဖြစ်မိတယ်။ကျမ
သိချင်၊လေ့လာချင်တာတွေကများလွန်းတော့အင်တာနက်သုံးလို့အားမရနိုင်ပါဘူး။ဘဝအတွက်ကြိုး
စားရုန်းကန်နေရသူမို့အချိန်အားမရှိတာလည်းပါတာပေါ့။ဒါကြောင့်ကိုယ့်အချိန်ကိုယ်ပိုင်ခဲ့တဲ့ကျောင်း
သားဘဝကိုတကယ်တမ်းတမိတယ်။
       ခုခေတ်လူငယ်တွေလည်းအင်တာနက်ကိုအားကြိုးမာန်တက်သုံးကြပါတယ်။အချိန်ပြည့်အင်တာ
နက်ဆိုင်မှာရှိတတ်ကြတာကိုး။အင်တာနက်သုံးဖို့သွားတိုင်းစောင့်ရတတ်တာမို့ဒါသူတို့လေးတွေအတွက်
အလားအလာကောင်းဖြစ်လို့တကယ်ကိုကျေနပ်အားရမိပါတယ်။ကျောင်းသားဘဝမှာကျောင်းစာအပြင်
အိမ်ဗာဟီရအနည်းငယ်ကလွဲလို့လုပ်ငန်းခွင်ဝင်နေတဲ့သူလောက်အလုပ်မများသေးတဲ့အရွယ်ပါ။မိဘစီး
ပွားရေးကိုတဖက်တလမ်းကကူညီနေရသူတချို့တလေကလွဲရင်ပေါ့။ကိုယ့်အချိန်ကိုယ်ပိုင်တဲ့လူငယ်ဘ
ဝမှာဘဝအတွက်အကျိုးရှိမယ့်အရာတွေကိုလေ့လာသင့်တယ်။
      ဒါပေမယ့်သူတို့လေးတွေကိုကျမတကယ်အံ့သြမိပါတယ်။သူတို့ကအင်တာနက်ကိုchattingထိုင်ရုံ
သက်သက်သုံးနေကြတယ်။အရာရာကိုလေ့လာသင်ယူလို့ရတဲ့အဖိုးတန်ပညာရပ်ကိုခုလိုပေါ့ပေါ့တန်
တန်သဘောထားနေကြတာမြင်တော့စိတ်မသက်မသာဖြစ်မိတယ်။ဒီနည်းပညာကိုတီထွင်ပေးခဲ့တဲ့
သူတွေကိုအားနာစရာပါ။ကျမတို့ရဲ့မြန်မာလူငယ်တွေအဖိုးတန်အချိန်တွေကိုအလဟသဖြုန်းတီးမဲ့
အစားဘဝတက်လမ်းမှာအထောက်အကူဖြစ်စေမယ့်အရာတွေအတွက်အသုံးချကြစေချင်တယ်။ဟိုး
အရင်ကဆိုတခုခုသိချင်ရင်ဒီလောက်မလွယ်ပါဘူး။အားကိုးစရာစာအုပ်တွေပဲရှိခဲ့တာမို့အခက်အခဲ
တွေတပုံတပင်ပါ။
      အင်တာနက်ဆိုတာသိလိုသမျှချက်ခြင်းအဖြေရှာပေးနိုင်တဲ့အရာ။လေ့လာချင်တာမှန်သမျှအချိန်
မဆိုင်းလေ့လာနိုင်တယ်။ကိစ္စတော်တော်များများမှာတကယ်ကိုအသုံးဝင်တဲ့အရာပါ။ဒါကိုကျမတို့ဆီ
ကလူငယ်တွေမသိကြတာလား။သိရဲ့သားနဲ့မလုပ်ချင်ကြတာလား။လူငယ်ဆိုတာအပျော်အပါးမက်
တတ်တာသဘာဝပါ။ဒါပေမယ့်ကိုယ့်ဘဝကြီးပွားတိုးတက်ရေးကိုလည်းစဉ်းစာရမယ်။ကိုယ့်အတွက်၊
ကိုယ့်မိသားစုအတွက်၊နောက်ဆုံးကိုယ့်တိုင်းပြည်အတွက်အထိုက်အလျောက်လေ့လာသင်ယူနေသင့်
တယ်။ဒါကြောင့်မို့အဖိုးတန်အချိန်တွေကိုchatting ထိုင်ရုံ၊အပျင်းပြေသီချင်းနားထောင်ရုံနဲ့မဖြုန်းတီး
ပစ်ကြပဲကိုယ်ဝါသနာပါရာလေ့လာရင်းအင်တာနက်ကိုအကျိုးရှိရှိအသုံးချကြဖို့အကြံပေးချင်ပါတယ်။
လူငယ်တိုင်းကိုယ့်ကိုကိုယ်မှန်မှန်ကန်ကန်ချစ်တတ်ကြပါစေ။
 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates