မှတ်သားဖွယ်စကားစုလေးများ(၂)

* ဖတ်ဖူးတဲ့စကားစုလေးတွေကိုမှတ်မိသလောက်ပြန်မျှလိုက်တာပါ........
  • ခင်မင်မှုဆိုတာအပြောလွယ်သလောက်လက်တွေ့အဓိပ္ပါယ်ဖော်ဖို့ခက်ခဲတယ်။
  • တစ်စုံတစ်ယောက်ရဲ့လိပ်စာစာအုပ်ထဲမှာ နေရာရဖို့လွယ်ကူပေမယ့် တစ်စုံတစ်ယောက်ရဲ့အသဲနှလုံး မှာနေရာရဖို့ကတော့ခက်ခဲတယ်......
  • ကိုယ်ချစ်တဲ့သူတွေကိုနာကျင်အောင်လုပ်ရတာလွယ်သလောက်အဲဒီအနာကျက်အောင်ကုစားဖို့တော့ ခက်ခဲတယ်။
  • ချစ်တယ်ဆိုတာစကားနဲ့ပြောလို့လွယ်ပေမယ့်အချစ်ကိုထုတ်ဖော်ပြသဖို့ခက်ခဲတယ်။
  • ဆုံးရှုံးလိုက်ရတဲ့အချစ်အတွက်အလွယ်တကူပူဆွေးတတ်ကြတယ်။ ဒါပေမယ့်အဲဒီအချစ်ကိုမဆုံးရှုံးရ အောင်ထိန်းသိမ်းကာကွယ်ဖို့အတွက်တော့ခက်ခဲတတ်ကြတယ်။
  • သူတစ်ပါးရဲ့အမှားကိုပြစ်တင်ဝေဖန်ဖို့လွယ်ကူပေမယ့်ကိုယ့်အမှားကိုအမှတ်ရနေဖို့တော့ခက်ခဲတယ်။
  • သူတစ်ပါးကိုခွင့်လွှတ်ပေးဖို့လွယ်ကူပေမယ့်ကိုယ်တိုင်ခွင့်လွှတ်ခံရဖို့ကခက်ခဲတယ်။
  • ကတိစကားအပေးလွယ်ပေမယ့်ထားတဲ့ကတိတည်အောင်ထိန်းဖို့ခဲယဉ်းတယ်။
  • အပြောလွယ်သလောက်စကားကျွံနှုတ်ဖို့ခက်တယ်။
  • စည်းကမ်း၊ဥပဒေတွေကိုချမှတ်ဖို့လွယ်သလောက်လိုက်နာစောင့်ထိန်းဖို့ခက်ခဲတယ်။
  • ဘဝတိုးတက်ရေးကိုစိတ်ကူးယဉ်တွေးတောရတာလွယ်သလောက် အတွေးကိုရပ်၊ လက်တွေ့အကောင်အထည်ဖော်ဖို့ခက်ခဲတယ်။
  • အောင်မြင်မှုကိုအလွယ်တကူထုတ်ဖော်ဝံ့ကြွားတတ်ကြပေမယ့်အရှုံးကိုရဲရဲဝင့်ဝင့် ရင်ဆိုင်ဖို့ကျ ခက်ခဲတယ်။
အားလုံးကိုယ်စိတ်နှလုံးရွှင်ပြုံးကြပါစေ
 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates