ပျားရည်စိမ်အဆိပ်

သူ့ရဲ့လက်ခနဲ အပြုံးတစ်စက်မှာ
ကိုယ်ပျောင်ဝင်ခဲ့ဖူးတယ်.......
သူ့ရဲ့စူးနစ် အကြည့်တစ်ချက်မှာ
ကိုယ်မိန်းမောခဲ့ဖူးတယ်........
သူ့ရဲ့ချိုသာ အပြောတို့မှာ
ကိုယ်ပျော်ရွှင်ခံဖူးတယ်........
သူ့ရဲ့ညင်သာ အတွေ့တစ်ချို့မှာ
ကိုယ်ယစ်မူးခဲ့ဖူးတယ်..........
ဒါပေမယ့်........
ဒီအကြည့် အယုအယတွေက
အဆိပ်တွေတဲ့လားကွယ်။

အားလုံးကိုယ်စိတ်နှလုံးရွှင်ပြုံးကြပါစေ

နားခိုရာ

       ဒီနေရာလေးထဲကိုယ်ခြေအချမှာ သူကမငြင်းဆန်ပေမယ့် စိမ်းကားပြတ်တောက်စွာလက်ခံရှာသည်။ သူကိုယ့်ကိုစိတ်နာသွားပြီထင်သည်။သူ့ကိုမေ့လျော့စွန့်ပစ်သွားပြီဟု ထင်ထားခဲ့ပုံရ၏။ ကိုယ်ကလည်းကိုယ် ပဲလေ။သူ့ရဲ့နှစ်ပတ်လည်ကိုတောင် သတိတရမရှိနိုင်လောက်အောင် မေ့လျော့လျစ်လျူရှု ထားခဲ့သည်ကိုး။
သူ့ကိုရင်ထဲတွင်အမြဲအမှတ်ရနေသော်လည်းကိုယ်ပျော်ရာမှာ(မဟုတ်ဘူးပျော်မယ့်ထင်တဲ့နေရာတွေမှာ)
လှည့်လည်နေဖြစ်ခဲ့သည်။ဘာကိုမှမလုပ်ချင်လောက်အောင်စိတ်ဓါတ်တွေကျဆင်းနေခဲ့သည်မို့ ကိုယ့်ဖြစ်
တည်မှုကိုတောင် ရှာမတွေ့တော့သည့်အခြေအနေမှာ သူ့ကိုဂရုတစိုက်ခြယ်သလိုစိတ်တွေ ကင်းဝေးခဲ့တာ ကာလအတန်ကြာနေပြီမှန်းကိုယ်သိပါသည်။ခွန်အားနုံနည်းသည့်ကိုယ်က အခုလိုပဲသူ့ကိုအခါခါစွန့်ပစ်ထား
ခဲ့တတ်တာမို့ သူကအကြောင်းသိပီပီ ဖက်လှဲတကင်းမရှိလှပေမယ့် ငြူစူစွာဖြင့်တော့ လက်ခံခဲ့သည်ပဲ။အဲဒီ
အတွက်တော့သူ့ကိုလှိုက်လှိုက်လှဲလှဲကျေးဇူးတင်မိရသည်။ဒီတစ်ခါလည်း ဘယ်လောက်ကြာကြာ သူ့အနား
မှာရှိလို့ဘယ်ချိန်စွန့်ခွာသွားဖြစ်အုံးမည်ဆိုတာဘာသာလည်းမသိသည်မို့ မရေရာတဲ့ကတိတွေမပေးချင် တော့ပေ။သို့သော်ကိုယ်ပိုင်ဆိုင်ရာ ဒီနေရာလေးကို မည်သူတွေသိသည်ဖြစ်စေ၊မသိသည်ဖြစ်စေ၊ ကိုယ်က
တော့တွယ်တာသည်။ချစ်မြတ်နိုးသည်။ကိုယ့်စိတ်ရဲ့နားခိုရာလည်းဖြစ်၊ကိုယ့်ရဲ့ရင်ဖွင့်ရာ၊ထွက်ပေါက်ပေး ရာလည်းဖြစ်တဲ့သူ့ကို ဘယ်သောအခါမှ အပြီးတိုင်စွန့်ခွာမသွားဖြစ်မှာတော့ သေချာပါသည်။

(ကျမဘလော့လေးကိုလပေါင်းများစွာစွန့်ပစ်ထားရာက အမှတ်ရလာတာမို့ ဒီပို့စ်လေးတင်ဖြစ်သွားပါတယ်။)

အားလုံးကိုယ်စိတ်နှလုံးရွှင်ပြုံးကြပါစေ
 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates