စိန်ခေါ်သံ

လောကဒဏ်ရေ.............
ငါဟာမိန်းမသားဆိုတာ
နင်မေ့နေလျော့သလား
ကြမ်းကြမ်းတမ်းတမ်း
ရိုက်ပုတ်လိုက်ပုံများ
မမြင်ရက်စရာ
သွေးအလိမ်းလိမ်းနဲ့ပေါ့
ဒါပေမယ့် လောကဒဏ်ရေ......
မိန်းမသားဆိုတဲ့ငါက မတုန်မလှုပ်
ဒင်းကြမ်းထပ်နေတဲ့ဒဏ်ရာတွေနဲ့
ကြံ.ကြံ.ခံထူမတ်ပြမယ်
နင်လည်းအစွမ်းရှိသလောက်
ငါလည်းခံနိုင်ရည်ရှိသလောက်ပေါ့
ကဲ....ရိုက်ခတ်လိုက်စမ်း
လောကဒဏ်ရေ
ငါကအားမလျှော့စတမ်း
ရင်ဆိုင်အံတုမယ်
အသက်နဲ့ ငါ့ခန္ဓာ
အိုးစားမကွဲခင်ထိပေါ့။

2 comments:

Anonymous said...

ကဗျာဖတ်ခဲတယ်...ဖတ်ခဲ့ပါတယ်လို့ 

သက်ပိုင် said...

အားမလျှော့ပါနဲ့ အားမလျှော့ပါနဲ့အမြဲအားပေးနေမှာပါဗျာ

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates