မိမိကိုယ်ကိုမှန်မှန်ကန်ကန်ချစ်ကြပါ

      ခုလိုနည်းပညာတိုးတက်နေတဲ့ခေတ်ကြီးမှာအရာရာကိုအလွယ်တကူလေ့လာနိုင်တဲ့အခွင့်အလမ်း
ကောင်းတွေရှိနေပါပြီ။ကိုယ်သိချင်တာတတ်ချင်တာမှန်သမျှအချိန်နဲ့တပြေးညီလေ့လာလို့ရတဲ့အင်တာ
နက်နည်းပညာထွန်းကားလာတာကျမတို့အတွက်မဟာအခွင့်ကောင်းပါ။ဒီအခွင့်အရေးကိုကျမမှာဒီအ
ရွယ်ရောက်မှသုံးရကောင်းမှန်းသိတာမို့အသိနောက်ကျလေခြင်းရယ်လို့နှမြောတသဖြစ်မိတယ်။ကျမ
သိချင်၊လေ့လာချင်တာတွေကများလွန်းတော့အင်တာနက်သုံးလို့အားမရနိုင်ပါဘူး။ဘဝအတွက်ကြိုး
စားရုန်းကန်နေရသူမို့အချိန်အားမရှိတာလည်းပါတာပေါ့။ဒါကြောင့်ကိုယ့်အချိန်ကိုယ်ပိုင်ခဲ့တဲ့ကျောင်း
သားဘဝကိုတကယ်တမ်းတမိတယ်။
       ခုခေတ်လူငယ်တွေလည်းအင်တာနက်ကိုအားကြိုးမာန်တက်သုံးကြပါတယ်။အချိန်ပြည့်အင်တာ
နက်ဆိုင်မှာရှိတတ်ကြတာကိုး။အင်တာနက်သုံးဖို့သွားတိုင်းစောင့်ရတတ်တာမို့ဒါသူတို့လေးတွေအတွက်
အလားအလာကောင်းဖြစ်လို့တကယ်ကိုကျေနပ်အားရမိပါတယ်။ကျောင်းသားဘဝမှာကျောင်းစာအပြင်
အိမ်ဗာဟီရအနည်းငယ်ကလွဲလို့လုပ်ငန်းခွင်ဝင်နေတဲ့သူလောက်အလုပ်မများသေးတဲ့အရွယ်ပါ။မိဘစီး
ပွားရေးကိုတဖက်တလမ်းကကူညီနေရသူတချို့တလေကလွဲရင်ပေါ့။ကိုယ့်အချိန်ကိုယ်ပိုင်တဲ့လူငယ်ဘ
ဝမှာဘဝအတွက်အကျိုးရှိမယ့်အရာတွေကိုလေ့လာသင့်တယ်။
      ဒါပေမယ့်သူတို့လေးတွေကိုကျမတကယ်အံ့သြမိပါတယ်။သူတို့ကအင်တာနက်ကိုchattingထိုင်ရုံ
သက်သက်သုံးနေကြတယ်။အရာရာကိုလေ့လာသင်ယူလို့ရတဲ့အဖိုးတန်ပညာရပ်ကိုခုလိုပေါ့ပေါ့တန်
တန်သဘောထားနေကြတာမြင်တော့စိတ်မသက်မသာဖြစ်မိတယ်။ဒီနည်းပညာကိုတီထွင်ပေးခဲ့တဲ့
သူတွေကိုအားနာစရာပါ။ကျမတို့ရဲ့မြန်မာလူငယ်တွေအဖိုးတန်အချိန်တွေကိုအလဟသဖြုန်းတီးမဲ့
အစားဘဝတက်လမ်းမှာအထောက်အကူဖြစ်စေမယ့်အရာတွေအတွက်အသုံးချကြစေချင်တယ်။ဟိုး
အရင်ကဆိုတခုခုသိချင်ရင်ဒီလောက်မလွယ်ပါဘူး။အားကိုးစရာစာအုပ်တွေပဲရှိခဲ့တာမို့အခက်အခဲ
တွေတပုံတပင်ပါ။
      အင်တာနက်ဆိုတာသိလိုသမျှချက်ခြင်းအဖြေရှာပေးနိုင်တဲ့အရာ။လေ့လာချင်တာမှန်သမျှအချိန်
မဆိုင်းလေ့လာနိုင်တယ်။ကိစ္စတော်တော်များများမှာတကယ်ကိုအသုံးဝင်တဲ့အရာပါ။ဒါကိုကျမတို့ဆီ
ကလူငယ်တွေမသိကြတာလား။သိရဲ့သားနဲ့မလုပ်ချင်ကြတာလား။လူငယ်ဆိုတာအပျော်အပါးမက်
တတ်တာသဘာဝပါ။ဒါပေမယ့်ကိုယ့်ဘဝကြီးပွားတိုးတက်ရေးကိုလည်းစဉ်းစာရမယ်။ကိုယ့်အတွက်၊
ကိုယ့်မိသားစုအတွက်၊နောက်ဆုံးကိုယ့်တိုင်းပြည်အတွက်အထိုက်အလျောက်လေ့လာသင်ယူနေသင့်
တယ်။ဒါကြောင့်မို့အဖိုးတန်အချိန်တွေကိုchatting ထိုင်ရုံ၊အပျင်းပြေသီချင်းနားထောင်ရုံနဲ့မဖြုန်းတီး
ပစ်ကြပဲကိုယ်ဝါသနာပါရာလေ့လာရင်းအင်တာနက်ကိုအကျိုးရှိရှိအသုံးချကြဖို့အကြံပေးချင်ပါတယ်။
လူငယ်တိုင်းကိုယ့်ကိုကိုယ်မှန်မှန်ကန်ကန်ချစ်တတ်ကြပါစေ။

2 comments:

Anonymous said...

ညီမဘယ်နှစ်ခါလာလည်တယ်ဆိုတာ အားပေးသူအပေါင်းမှာကြည့်ကြည့်လိုက်နော်အမ...

သက်ပိုင် said...

အကျိုးရှိရှိ သုံးနေပါတယ် နေ့မနား ညမနားပါ :P

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates