`ဒီနေ့ April fool ကွ........... ဟုတ်ပြီ ............သူငယ်ချင်းတွေကိုအရူးလုပ်ရမယ်။`
ကျမနားကဖြတ်သွားသည့်ကောင်လေးတသိုက်ပြောသွားခြင်းဖြစ်သည်။April fool ဆိုသည့်စကား
ကြားရတိုင်းရင်သည်တဆစ်ဆစ်နာကျင်တတ်စမြဲ။ကျင်စက်နှင့်တို့ခံရသူပမာနွမ်းလျပင်ပန်းနေမြဲပင်.......
နှစ်တွေတော့ကြာခဲ့ပါပြီ။သို့သော်ရင်မှဒဏ်ရာကယခုတိုင်သစ်ဆဲ။ဧပရယ်လ်ရောက်တိုင်းနွေလေရူးနှင့်အ
တူရူးခဲ့ရသည်ပဲ..........
တချိန်ကကျမလည်း April fool မှာပျော်ရွှင်တတ်ခဲ့သည်။သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းများ
ကိုနောက်ရင်းပြောင်ရင်းဖြင့်လှပသည့် April fool နေ့ရက်များကိုပိုင်ဆိုင်ခဲ့ဖူး၏။ကျမ၏မရိုးနိုင်သောနောက်
ပြောင်ကျီစယ်မှုများကြောင့်လည်းသူငယ်ချင်းများမှာရင်ခုန်စိတ်လှုပ်ရှားခဲ့ကြရသည်တဲ့။သို့သော်ကျမ၏ကျီ
စယ်မှုကြောင့်ပင်`ကို့`ကိုတသက်စာဆုံးရှုံးလိုက်ရခြင်းဖြစ်သည်။
မိဘမဲ့တစ်ကောင်ကြွက်ကျမအတွက်`ကို`ဟာချစ်သူရည်းစားတစ်ယောက်သာမဟုတ်ပဲဆွေမျိုးသား
ချင်းတစ်ယောက်ကဲ့သို့အားကိုးခဲ့ရသည်။ငယ်စဉ်ကတည်းကသွေးအားနည်းတတ်သည့်ကျမမှာမကြာခဏဆို
သလိုဖျားနာတတ်၏။ကျမနေထိုင်မကောင်းဖြစ်တိုင်းလည်းအကိုကြီးတစ်ယောက်ကဲ့သို့တဗျစ်ဗျစ်တောက်
တောက်ပြောရင်းပျာယာခတ်အောင်ပြုစုပေးခဲ့သူက`ကို`ရယ်ပါ။`ကို`ဟာကျမကမ္ဘာ၊ကျမရဲ့အလင်းရောင်။
ခုတော့ကမ္ဘာလည်းပျောက်၊သန်းခေါင်လည်းရောက်ခဲ့သည်မှာကြာပါပြီကော............
တခုသောဧပရယ်လ်၁ရက်နေ့မှာပေါ့။နောက်ပြောင်ရာတွင်အမြဲစိတ်ကူးဆန်းပြားလေ့ရှိသည့်ကျမက
`ကို့`ကိုစဖို့အကြံရသဖြင့်သူငယ်ချင်းများကိုအကူညီတောင်းကာဖုန်းခေါ်ခိုင်းလိုက်သည်။ကျမနေမကောင်း
ဖြစ်ကာသတိလစ်နေသည်မို့ဆေးရုံပို့ရန်လာပေးဖို့`ဖွေး`ကပြောတော့အစိုးရိမ်လွန်သွားသည့်`ကို`ဟာအ
လုပ်ထဲရောက်နေသော်လည်းချက်ခြင်းလာမည့်အကြောင်းပြောသည်တဲ့။`ကို`၏အဖြစ်သည်းပုံကိုသူငယ်
ချင်းများကအားကျစိတ်ဖြင့်စကြသည်။
`ထားတို့ကံကောင်းပုံများရည်းစားတစ်ယောက်ထားတာအဖေ၊အမေတင်မကဘူး။အကိုပါရလိုက်
တာကိုး`တဲ့လေ........
ဒီတော့ကျမမှာကြည်နူးစိတ်ဖြင့်`ကို`အလာကိုအဆောင်ဝရံတာမှာထွက်စောင့်နေလိုက်သည်။`ကို`
လာမည့်အခါတိုင်းယခုကဲ့သို့အဆောင်ဝရံတာရှေ့ထွက်ကာမျှော်နေတတ်မြဲ။`ကို့`ကားလေးကျမမြင်ကွင်း
ထဲဝင်အလာမှာပဲမျှော်လင့်မထားသည့်အဖြစ်ဆိုးကြီးဖြစ်ပျက်သွားခဲ့သည်။ကျမအတွက်စိတ်ပူနေသည့်`ကို`
ကကားကိုအရှိန်နှင့်မောင်းလာရာမှရုတ်တရက်အကွေ့မှာတဖက်မှလာသည့်အုတ်တင်ကားဖြင့်ဝင်တိုက်မိ
တော့သည်။နှစ်ဖက်လုံးမှာအရှိန်နှင့်ဖြစ်၍`ကို့`ကားလေးမှာတပတ်လည်ကာတိမ်းမှောက်သွားသည်။မိနစ်
ပိုင်းလေးအတွင်းမှာပင်ချစ်ရသည့်`ကို့`ကိုစွန့်လွှတ်လိုက်ရပြီကော.......
ကမ္ဘာလည်းဆုံး၊အမှောင်လည်းဖုံးခဲ့ရပြီ။အပျော်စိတ်ဖြင့်`ကို့ကိုအရှုးလုပ်မည့်ကျမကိုယ်တိုင်ရှုးခဲ့
ရသည်မှာကြာပါပြီ။ဒီနွေရောက်တိုင်းဝေဒနာတဆင့်တိုးကာရှုးရအုံးမည်။နောင်တတပုံတပင်ရင်မှာပွေ့
ပိုက်ရင်းဒီနွေကန္တာခရီးကြမ်းဆက်ရအုံးမည်ပေါ့။
ထို့ပြင်ရင်မှလည်း
`ကိုတစ်ယောက်ကောင်းရာသုဂတိလားပါစေ.....သံသရာတကွေ့ပြန်ဆုံတွေ့ဖြစ်ခဲ့ရင်လည်းကျမလို
လူဆိုးမလေးနဲ့ဝေးဝေးနေနိုင်ပါစေ` ဟုတီးတိုးဆုတောင်းလျက်။
(ဧပရယ်လ်ဖူးအမှတ်တရတင်လိုက်တာပါ။)
အားလုံးကိုယ်စိတ်နှလုံးရွှင်ပြုံးကြပါစေ
Digital Marketing (0882-2542-4139)
1 year ago