ပထမဆုံးသောချစ်သူများနေ့လက်ဆောင်

         ချစ်သူများနေ့အမှတ်တရစာတပုဒ်လောက်ရေးမယ်စဉ်းစားတော့ကျမဘဝရဲ့ပထမဆုံးသောချစ်သူ
များနေ့အမှတ်တရနှင်းဆီပန်းရခဲ့ပုံကိုပြန်သတိရမိတယ်။အမှန်ပြောရရင်အသက်အစိတ်ကျော်တဲ့အထိချစ်
သူများနေ့အမှတ်တရဘာလက်ဆောင်မှမရဖူးဘူး။(ကိုယ့်အစွမ်းအစကိုဒီလိုကြွားရတာလည်းမကောင်းပါ
ဘူးနော်။)ကိုယ့်ကအဖြစ်မရှိသူမို့ဒီလိုနေ့မျိုးဆိုအပြင်ထွက်လေ့မရှိဘူး။အမြဲအိမ်တွင်းပုန်းနေခဲ့တာပေါ့။
         ဒီလိုနဲ့တခုသောချစ်သူများနေ့မှာတော့ အမလိုခင်ရတဲ့သူငယ်ချင်းတစ်ယောက်နိုင်ငံခြားသွားတော့
မှာမို့ပစ္စည်းတွေဝယ်ချင်တယ်ဆိုတာနဲ့အပြင်မသွားချင်ပေမယ့်လည်းအဖော်လိုက်ပေးဖြစ်တယ်ဆိုပါတော့။
ရှော့ပင်ထွက်ရင်းမောလာကြတာနဲ့ပဲကော်ဖီဆိုင်ထိုင်ဖြစ်ကြတယ်။အဲဒီနှစ်မှာမှထူးထူးခြားခြား၊ဆိုင်တွေက
လာသမျှစုံတွဲတိုင်းကိုနှင်းဆီပန်းလက်ဆောင်ပေးတယ်တဲ့လေ။(အရင်နှစ်တွေကတော့အပြင်မထွက်တာ
မို့အခုလိုပေးမပေးမသိပေမယ့်ကျမစိတ်ထင်ဒီဝန်ဆောင်မှုကိုအဲဒီနှစ်မှစတယ်ထင်တာပဲ။)
        ဒီတော့ကော်ဖီဆိုင်ကိုလာသမျှယောကျာ်းလေး၊မိန်းကလေးစုံတွဲတိုင်းပန်းလက်ဆောင်ကိုယ်စီနဲ့ပျော်
လို့မြူးလို့ပေါ့။လူတိုင်းနှင်းဆီပန်းကိုယ်စီနဲ့ဆိုတော့ကျမလည်းလိုချင်လာတယ်။ပန်းရသွားတဲ့သူတွေကိုအား ကျအကြည့်နဲ့ကြည့်ရုံအားမရပဲအဖော်အမ ကိုပါတီးတိုးပြောမိတယ်။ခုလိုခွဲခြားဆက်ဆံတာတော့မကောင်း
ဘူးလေ။ချစ်သူစုံတွဲမပါလာတဲ့မိန်းကလေးတွေကိုလည်းပေးသင့်တာပေါ့။အဲလိုကျမ မကျေမနပ်ရေရွတ်နေ
တာကိုဆိုင်ကကောင်လေးတစ်ယောက်ကသတိထားမိပုံရတယ်။မျက်စိရှေ့မှာတင်စုံတွဲလေး၊ငါးတွဲပန်းကိုယ်
စီရသွားတာကိုလိုက်ကြည့်နေတဲ့ကျမကိုသူအားနာသွားပုံရတယ်။(အမှန်ကသနားသွားတာထင်ပါတယ်။)
        ဒါနဲ့သူကကျမတို့ကိုပန်းသွားပေးဖို့သူ့သူငယ်ချင်းကောင်မလေးကိုပြောတယ်။ကောင်မလေးကမသွား
ဘူးလို့ငြင်းတယ်ထင်ပါရဲ့။သူကိုယ်တိုင်ပန်းနှစ်ပွင့်ကိုင်လို့ကျမတို့ဝိုင်းကိုရောက်လာပါလေရော။ပထမတော့
ကျမလည်းငြင်းမယ်စိတ်ကူးပေမယ့်နှင်းဆီပန်းအနီလေးတွေကလှလွန်းတာမို့ရှက်ရှက်နဲ့ပဲကျေးဇူးစကားပြော
ပြီးလက်ခံလိုက်တာပေါ့။အရမ်းလည်းပျော်သွားတယ်။ဘဝရဲ့ပထမဆုံးချစ်သူများနေ့လက်ဆောင်ပါ။လက်
ဆောင်ပေးတဲ့သူကိုမမှတ်မိတော့ပေမယ့်ချစ်သူများနေ့ရောက်တိုင်းကြည်နူးစိတ်နဲ့ဒီအဖြစ်အပျက်လေးကို
အမှတ်ရနေဆဲပါ။လက်ဆောင်ပေးခဲ့တဲ့ဆိုင်ဝန်ထမ်းကောင်လေးကိုလည်းကျေးဇူးတင်လျက်............

စာကြွင်း ။ ဒီစာလေးကိုရေးထားတာတော့ကြာပါပြီ။ဒါပေမယ့်လည်းအကြောင်းကြောင်းကြောင့်တလ
နောက်ကျပြီးမှတင်ဖြစ်ပါတယ်။
အားလုံးကိုယ်စိတ်နှလုံးရွှင်ပြုံးကြပါစေ

2 comments:

အင်္ဂါဟူး said...

ဒီအတိုင်လေးပဲ ကောင်းပါတယ်.. အပူမရှာချင်ပါနဲ့ဗျာ.. အဲ... ဒါပေမယ့် ရေရှည်တော့ မကောင်းဘူးထင်ပ။

လင်းပန်းအိမ် said...

ဟိ..........ဒီအတိုင်းပဲတော့ဘယ်ဖြစ်ပါ့မလဲနော်...........

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates