မှတ်သားဖွယ်စကားစုလေးများ(1)

  • ဘဝမှာဝမ်းနည်းစရာကောင်းတဲ့အရာကကိုယ့်အတွက်အရေးပါတဲ့လူတစ်ယောက်ကိုတွေ့ဆုံခဲ့ရပြီးမှ ကိုယ့်ရဲ့အလေးမထားမှုကြောင့်သူ့ကိုလက်လွှတ်ဆုံးရှုံးလိုက်ရတာမျိုးပေါ့။
  • ကျွန်တော်တို့ဟာကိုယ်ဘာပိုင်ဆိုင်ထားခဲ့တယ်ဆိုတာကိုအဲဒီအရာပျောက်ဆုံးသွားသည့်တိုင်မသိခဲ့ ကြသလိုကိုယ်ဘာတွေလိုအပ်နေတယ်ဆိုတာလည်းအဲဒီအရာအနားရောက်လာတဲ့အထိမသိခဲ့ကြပြန်ဘူး။
  • လူတစ်ယောက်ကိုနာကျင်အောင်လုပ်ဖို့မိနစ်ပိုင်းပဲကြာတယ်။လူတစ်ယောက်ကိုသဘောကျသွားဖို့ကတော့တစ်နာရီလိုတယ်။ချစ်မိသွားဖို့ဆိုရင်တော့တစ်ရက်နဲ့တင်လုံလောက်ပါတယ်။ဒါပေမယ့် လူတစ်ယောက်ကိုမေ့ပစ်ဖို့ကတော့တစ်သက်စာအချိန်ပေးရတတ်တယ်။
  • လက်လွတ်စပယ်စကားတစ်ခွန်းကြောင့်ရန်စပွားချင်ပွားသွားနိုင်တယ်။ရက်စက်တဲ့စကားကြောင့်ဘဝ တခုစုတ်ပြတ်ကောင်းစုတ်ပြတ်သွားနိုင်တယ်။အချိန်ကိုက်ပြောလာတဲ့စကားကြောင့်စိတ်ရှုတ်ထွေး ကောင်းရှုတ်ထွေးသွားနိုင်တယ်။ဒါပေမယ့်ချစ်ခြင်းမေတ္တာစကားကတော့ချမ်းမြေ့ပျော်ရွှင်မှုမှတပါး တခြားဘာကိုမှ မပေးပါဘူး။
  • ကျမတို့ဟာတခါတရံမှာအတွေ့လေးတစ်ချက်၊အပြုံးလေးတစ်စက်၊အကြင်နာစကားလေးတစ်ခွန်း စတဲ့အသေးအဖွဲလေးတွေကိုအထင်သေးတတ်ကြတယ်။အဲဒီမဖြစ်စလောက်အရာလေးတွေကြောင့် ပဲဘဝတခုလုံးကိုတိုးတက်ပြောင်းလဲသွားစေနိုင်တာကိုတော့သတိမေ့နေကြတယ်။
  • အိမ်မက်တွေရဲ့ဦးတည်ရာကိုယုံယုံကြည်ကြည်နဲ့လျှောက်ပါ။စိတ်ကူးထားတဲ့ဘဝကိုအကောင်အ ထည်ဖော်ပါ။ဘဝရှင်သန်မှုရိုးရှင်းတာနဲ့အမျှစကြာဝဠာကြီးကပါကိုယ့်အလိုတိုင်းရိုးရှင်းလာပါလိမ့်မယ်။
  • ပျော်ပျော်နေတတ်တဲ့သူတွေဟာအကောင်းဆုံးအရာတွေပဲပိုင်ဆိုင်ထားခဲ့လို့မဟုတ်ပါဘူး။သူတို့က သူတို့ဆီရောက်လာတဲ့အရာတွေကိုအကောင်းဆုံးတွေဖြစ်အောင်ဖန်တီးနိုင်ခဲ့ကြလို့ပါ။
  • ပိုက်ဆံကသင့်ကိုပေးနိုင်တဲ့အရာဆိုလို့သူနဲ့ပက်သက်ပြီးပူပင်ရတဲ့သောကကင်းဝင်းစေရုံပဲရှိတယ်။

အားလုံးကိုယ်စိတ်နှလုံးရွှင်ပြုံးကြပါစေ

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates