ကျမရဲ့ဦးလေးဝမ်းကွဲတစ်ယောက်ပေါ့။နံမည်ကဖိုးထော်တဲ့။ဘာကြောင့်ဒီနံမည်ပေးတယ်ဆိုတာတော့
မသိပါဘူး။သူကနည်းနည်းနုံတယ်။(အမှန်ကတော်တော်လေးနုံတာပါ။ကိုယ့်ဦးလေးတော်နေတာမို့အားနာ
လို့။)သူ့ကိုဘာခိုင်းခိုင်းအလွဲလွဲအချော်ချော်ချည်းပဲ။အတော်လေးကြီးတဲ့အထိဘာမှဟုတ်တိပတ်တိခိုင်းလို့
မရဘူး။သူကကံတော့ကောင်းတယ်။မိဘတွေကတောသူတောင်သားတွေပေမယ့်သားသမီးရတနာဆိုလို့သူ
တယောက်သာထွန်းကားတာမို့ချစ်ကြ၊အလိုလိုက်ကြတော့တောအလုပ်မတတ်တဲ့တောသားပေါ့။
သူမို့မလုပ်လိုက်နဲ့၊လုပ်တာနဲ့တလွဲပဲ။အကြမ်းလည်းသုံးမရ၊အနုလည်းသုံးမရတဲ့ဖိုးထော်ပါ။တနေ့ရွာ
ထုံးစံအတိုင်းဟင်းစားအတွက်ဝက်ပေါ်တယ်ဆိုပါတော့။ရွာတွေမှာကမြို့မှာလိုဈေးရှိတာမဟုတ်ဘူး။ကိုယ်
စားချင်တာကိုယ့်ဘာသာစိုက်၊ကိုယ့်ဘာသာမွေးမြူရေးလုပ်ကြတာမျိုး။ခုလည်းဝက်ပေါ်တယ်ဆိုတော့ဖိုး
ထော်အမေကဝက်ခြေထောက်နှစ်ချောင်းကိုဝယ်ထားလိုက်တယ်။ဒါပေမယ့်အပြင်သွားစရာရှိနေတာနဲ့ဒီခြေ
နှစ်ချောင်းကိုဘာမှမလုပ်နိုင်ပဲမီးဖိုထဲထားခဲ့ပြီးသားဖြစ်သူကိုရှာပြီးမီးဖိုထဲမှာခြေထောက်နှစ်ချောင်းရေနွေးဖျော
ထားလိုက်စမ်းဆိုပြီးထွက်သွားပါလေရော။
ဖိုးထော်အမေလည်းအပြင်ကပြန်လာရောသားဖြစ်သူကမီးဖိုထဲမှာခြေထောက်နှစ်ဖက်ဆင်းလို့ငိုကြီး
ချက်မဖြစ်နေတာကိုတွေ့လိုက်ရတယ်။ဘေးမှာတော့အငွေ့တထောင်းထောင်းထနေတဲ့ရေနွေးတဇလုံနဲ့ရေ
အေးတဇလုံလည်းပါသေးရဲ့။သူ့အမေလည်းတအံ့တသြနဲ့ဘာတွေဖြစ်နေတာလဲလို့မေးတော့သူကဘာပြော
တယ်မှတ်လဲ။အမေတို့ကကိုယ့်သားသမီးကိုမသနားဘူးတဲ့။မညှာမတာခိုင်းရက်တယ်ဆိုပြီးငိုရင်းပြောပါလေ
ရော။အဲဒီတော့သူ့အမေလည်းအလန့်တကြားနဲ့ဘာများခိုင်းမိလို့လဲဆိုတော့ခြေထောက်နှစ်ချောင်းရေနွေး
ဖျောခိုင်းတာကိုအပြစ်တင်နေတာတဲ့လေ။
ဒါနဲ့အမေလုပ်သူကဒါလေးခိုင်းမိတာငိုစရာလားဆိုတော့မှပိုဆိုးတော့တာပဲ။ဒီရေနွေးပူပူလောင်လောင်
နဲ့ခြေထောက်ကိုဘယ်လိုလုပ်ရေနွေးဖျောရမလဲ။ရေနွေးဖျောဖို့နေနေသာသာရေနွေးတစ်စက်လေးချကြည့်
တာတောင်ပူလွန်းလို့ရေအေးနဲ့ပြန်လောင်းပေးနေရတာတဲ့။အမေမို့ရက်ရက်စက်စက်ခိုင်းရက်တယ်တဲ့လေ။ဒီ
လောက်ပူတာအမေ့ဘာသာကိုယ့်ခြေထောက်ကိုယ်ဖျောဆိုပြီးငိုရင်းထွက်သွားပါလေရော။ဒီတော့မှဝက်ခြေ
ထောက်ဆိုတာထည့်မပြောမိတဲ့သူ့အမေခဗျာသူ့နဖူးသူရိုက်လို့ဘာမှဆက်မပြောနိုင်အောင်ဖြစ်ရတော့တာ။
အဲဒီလိုကြံကြံဖန်ဖန်အတွေးချော်တဲ့ဖိုးထော်ပါ။
အားလုံးကိုယ်စိတ်နှလုံးရွှင်ပြုံးကြပါစေ
Digital Marketing (0882-2542-4139)
1 year ago
0 comments:
Post a Comment