သူ့ကိုတွေ့တိုင်းကျွန်မရင်ခုန်ရသည်။အမြဲပြုံးနေတတ်သည့်သူ့မျက်နှာကြောင့်မို့လည်းရင်းနှီးခင်မင်
ကာတွယ်တာစိတ်ဖြစ်မိခြင်းဖြစ်သည်။သူကကျွန်မတို့မားကတ်ကိုပုံမှန်ဈေးဝယ်လာလေ့ရှိသည့်ဖောက်
သည်တစ်ဦးဖြစ်၏။သူလာသည့်အခါတိုင်းကျွန်မရှိရာသို့ရောက်လာတတ်ပြီးတရင်းတနှီးနှုတ်ဆက်ပြော
ဆိုလေ့ရှိသည်။
သူကရှပ်လက်ရှည်နှင့်စတိုင်ပန်ကိုအမြဲလိုလိုတွဲဖက်ဝတ်ဆင်လေ့ရှိတာမို့မြင့်မားရှည်လျားသည့်
အရပ်နှင့်လိုက်ဖက်ပြီးအတော်စွဲဆောင်မှုရှိလှသည်။စကားပြောသည့်အခါတိုင်းတပြုံးပြုံးဖြင့်တစ်ဖက်
လူ၏မျက်လုံးကိုစိုက်ကြည့်ကာဖော်ရွေစွာပြောတတ်ပြန်တာမို့ကျွန်မတို့တတွေကသူ့ကိုမှတ်မှတ်ရရ
သတိထားမိနေခြင်းပင်ဖြစ်သည်။
ကျွန်မတို့ဌာနမှာယောက်ျားလေးများသော်လည်းမိန်းခလေးကျွန်မတစ်ယောက်သာရှိတာမို့သူကျွန်မ
ဆီပုံမှန်ရောက်လာတတ်တာကိုသူငယ်ချင်းများကပင်သတိထားမိလာကာနောက်ပြောင်လာကြတော့သည်။
အစပိုင်းတွင်မည်သို့မျှမခံစားရပေမယ့်သူ၏နှစ်လိုဖွယ်အမူအရာနှင့်အပြောအဆိုများကြောင့်သူနှင့်တွေ့တိုင်း
ရင်ခုန်တတ်လာ၏။သူရောက်လာပြီဆိုမှဖြင့်ကျွန်မကျွမ်းကျင်ပိုင်နိုင်လှသည့်အလုပ်ပင်ဖြစ်သော်လည်းအ
ယောင်ယောင်အမှားမှားဖြစ်တတ်လာသည်။
ဒီနေ့လည်းရောက်လာပြန်ပြီ။မားကတ်အတွင်းဈေးဝယ်နေသည်ကိုရုတ်တရက်တွေ့လိုက်ရခြင်းဖြစ်
သည်။ကျွန်မခြေဖျား၊လက်ဖျားများအေးစက်ကာရင်တွေခုန်လာ၏။ဈေးဝယ်အပြီးကျွန်မဆီအလာမှာသူ့မျက်
နှာကတစုံတခုကိုအလိုမကျသကဲ့သို့သုန်မှုန်သွားသည်ဟုထင်သည်။ကျွန်မကလုပ်ဖော်ကိုင်ဖက်သူငယ်ချင်း
ကောင်လေးနှင့်ရယ်မောစကားပြောနေစဉ်သူရောက်လာခြင်းဖြစ်သည်။သူအထင်လွဲသွားပြီထင့်။သို့ပေမယ့်
သူကမျက်နှာထားကိုချက်ခြင်းပြင်ကာကျွန်မကိုနှုတ်ဆက်စကားဆိုရင်းသူငယ်ချင်းကိုခပ်တွေတွေစိုက်ကြည့်
ကာပြောသည်။
`မတွေ့တာကြာပြီနော်။နေကောင်းရဲ့လား။ငါကမင်းကိုသတိရနေတာ။`
ရုတ်တရက်ကျွန်မရောသူငယ်ချင်းပါအံ့သြသင့်သွားသည်။သူနောက်တာဖြစ်မည်ဟုတွေးကာသူ့ကိုပြန်
နောက်လိုက်မိ၏။
`သူ့ကိုပဲသတိရတာလား။ကျမကိုရောသတိမရဘူးလား။`
သူ့ပြန်ပြောလိုက်သည့်စကားကြောင့်ရှက်ရွံ့မှုနှင့်အတူရင်တခုလုံးဗြောင်းဆန်ကာနာကျင်ကြေကွဲရ
တော့သည်။
`ဘယ်လိုပြောလိုက်တာလဲ။တို့ကဘဝတူချင်းကိုသတိရစရာလား။`ဟူ၏။
အားလုံးကိုယ်စိတ်နှလုံးရွှင်ပြုံးကြပါစေ
Digital Marketing (0882-2542-4139)
1 year ago
0 comments:
Post a Comment