ခုတလောဟိုနိုင်ငံကတော်လှန်ရေး၊ဒီနိုင်ငံကတော်လှန်ရေးနဲ့အပြိုင်အဆိုင်တော်လှန်လိုက်ကြတာ
နောက်ဆုံးတော့ကိုယ်နေတဲ့ဘာရိန်းကိုပါရောက်လာတယ်ဆိုပါတော့။ဒီလိုနဲ့အမြဲအေးဆေးခဲ့တဲ့ဘာရိန်း
လည်းမငြိမ်မသက်ဖြစ်ရတယ်ပေါ့။ကိုယ်နေတဲ့နိုင်ငံမို့ပြောတာမဟုတ်ဘူး။ဘာရိန်ုးကတခြားအာရပ်နိုင်ငံတွေ
နဲ့စာရင်တကယ်အေးဆေးတာ။နိုင်ငံသားတွေကလည်းစိတ်သဘောထားပျော့ပျောင်းကြရှာတယ်။သိပ်အ
စွန်းမရောက်ကြဘူး။ဝတ်ချင်တာဝတ်လို့ရတယ်။စားချင်တဲ့အသားလည်းစားလို့ရတယ်။သွားချင်တဲ့နေရာကို
လည်းအလွယ်တကူသွားလို့ရတယ်။(တက္ကစီခလေးဈေးကြီးတာကလွဲရင်ပေါ့။)
နောက်ဘာရိန်းကအာရပ်နိုင်ငံတွေထဲမှာအသေးဆုံးနိုင်ငံလေးမို့ရှိတဲ့သယံဇာတနဲ့လူဦးရေကညီမျှ
တာမို့ချမ်းသာတယ်လို့ပြောလို့ရတယ်။ငွေကြေးကျစ်လစ်ပုံကလည်းအကြီးဆုံးငွေစက္ကူကမှ ၂၀ တန်ရယ်။
အကြွေစေ့ဆို၅ပြားထိအသုံးဝင်တယ်ဆိုပါတော့။အဲဒီတော့နိုင်ငံသားတွေအနေနဲ့ပညာရေးအခမဲ့၊ကျန်းမာ
ရေးအခမဲ့၊အိမ်တွေ၊ကားတွေဝယ်ချင်ရင်လည်းအစိုးရကလွယ်လင့်တကူငွေချေးပေးတယ်။အလုပ်အကိုင်ကျ
တော့လည်းရှာရလွယ်ပုံများဒီနေ့လာလျှောက်ဒီနေ့အလုပ်ခန့်ရတာ။၁၀နဲ့၁၀ပေါင်းတာဂဏန်းပေါင်းစက်ကူ
ရတဲ့သူကိုလည်း cashier ခန့်ရတာပဲ။ဘာဘွဲ့၊ဘာအောင်လက်မှတ်မှမလိုဘူး။အဲလိုဘဝပေးကုသိုလ်ကောင်း
ကြတာပါ။
အဲလိုအစစအဆင်ပြေနေတဲ့သူတွေကတခြားအာရပ်နိုင်ငံတွေနဲ့ယှဉ်ရင်ဖွံ့ဖြိုးမှုနောက်ကျနေသေး
တယ်ဆိုပြီးတော်လှန်ရေးစတယ်ဆိုပါတော့။ခေါင်းမြီးခြုံတွေလုပ်တဲ့တော်လှန်ရေးမို့ကျမတို့ကတော့နင်ဂျာ
တော်လှန်ရေးလို့အမည်ပေးထားတယ်။သူတို့ကဘာတွေလိုချင်တာလဲဆိုတော့အိမ်အခမဲ့ဆောက်ပေးရေး၊
လုပ်ခလစာတိုးပေးရေး၊ဥပဒေစည်းမျဉ်းတချို့ပြုပြင်ပြောင်းလဲရေးနဲ့အစိုးရပိုင်းရာထူးကြီးကြီးတွေမှာသူတို့
ဘာသာဝင်တွေနေရာရရေးစတာတွေအတွက်တော်လှန်ကြတယ်ပေါ့။(ဒီနိုင်ငံမှာလူအများစုကရှီးယိုက်ဘာ
သာဝင်တွေဖြစ်ပေမယ့်ဘုရင့်မိသားစု၊အစိုးရလူကြီးပိုင်းနဲ့လူနည်းစုကဆွန်နီဘာသာဝင်တွေဖြစ်တယ်။)အဲ
တော့သူတို့ကဒီနိုင်ငံသားဖြစ်ပြီးအစိုးရပိုင်းမှာဝင်ဆန့်ခွင့်မရတော့မကျေနပ်ဘူးပေါ့။ဒါနဲ့ပဲနင်ဂျာတော်လှန်
ရေးကြီးစတယ်ဆိုပါတော့။
သူတို့တော်လှန်ပုံကအဆန်း။နိုင်ငံရဲ့မြို့လယ်ကောင်အဓိကလမ်းမကြီးပေါ်မှာကိုစခန်းချပြီးဆန္ဒပြ
ကြတာ။ယာယီတဲလေးတွေထိုးလို့။အဲဒီမှာပဲချက်ပြုတ်စားကြတာဆိုတော့အပန်းဖြေခရီးထွက်နေသလိုပဲ။
ယာယီအိမ်သာတောင်ပါသေး။(ပျော်စရာကြီးမို့သူတို့ကိုကြည့်ရင်းကျမပါဝင်ဆန္ဒပြချင်စိတ်ပေါက်တယ်။)သူ
တို့ကနှစ်ဆိုင်းခွဲပြီးလှုပ်ရှားကြတာ။မနက်ပိုင်းအားတဲ့သူတွေကတမနက်လုံးအဲဒီမှာနေ၊ညပိုင်းအားတဲ့သူတွေ
ကတညလုံးအဲဒီမှာနေပေါ့။အချိန်တန်ကိုယ့်တာဝန်ပြီးပြီဆိုအိမ်ပြန်ရေမိုးချိုး၊အလုပ်သွားရမယ့်သူကလည်းအ
လုပ်သွားနဲ့အဆင်ကိုပြေလို့ပါ။တချို့ကတော့တော်လှန်ရေးကိုအကြောင်းပြပြီးအလုပ်ပြေးတာလည်းရှိတာ
ပေါ့။ဒီလိုတွေလုပ်လို့သူတို့တွေအခြေယိုင်သွားလားဆိုတော့အစားမပျက်၊အသောက်မပျက်၊ဈေးဝယ်ထွက်
တာလည်းမပျက်ကြဘူးရှင်။နောက်ပြီးအိမ်တွင်းပုန်းလေးတွေကပါဒါကိုအကြောင်းပြုပြီးအပြင်ထွက်ခွင့်ရလာ
တော့ရှောပင်းစင်တာတွေ၊စူပါမားကတ်တွေမှာပိုတောင်လူစည်လာသေးတယ်။
ဒီကြားထဲဘုရင်ကသူတို့တွေစိတ်ပြေပါစေတော့ဆိုပြီးတစ်အိမ်ထောင်ကိုBD1000ဆီပေးပြီးချော့
ရှာပါတယ်။ဒါလည်းသူတို့ကမကျေနပ်နိုင်ဘူး။တစ်အိမ်ထောင်1000မဟုတ်ပဲလူတစ်ယောက်1000ရချင်တာ
တဲ့လေ။ကဲ.....ဒီလိုဆိုတော့ဘုရင်ပေးတဲ့1000မယူဘူးလားဆိုတော့မနေပါဘူး။ရတဲ့အခွင့်အရေးအကုန်ယူ
တာပေါ့။1000လည်းယူတယ်။အဲဒီပိုက်ဆံကိုဆန္ဒပြတဲ့နေရာမှာသုံးပြီးဆက်လှုပ်ရှားကြသေးတယ်ဆိုပါတော့။
ဘုရင်ကမီးလောင်ရာဆီလောင်းလိုက်တာကိုး။အဲတော့ဒီနင်ဂျာတွေကသူတို့လုပ်တာမှန်တယ်ထင်သွားကြ
ပါလေရော။အဲဒါနဲ့ပြုပြင်ပြောင်းလဲရေးတင်မကတော့ဘူး။ဘုရင်နဲ့လက်ရှိအစိုးရကိုပါဖြုတ်ချဖို့တောင်းဆိုလာ
တော့တာပဲ။
အဲလိုနဲ့ဘာလုပ်ပေးပေးမပြီးမစီးနိုင်နဲ့တစ်လလောက်ကြာလာတော့ဘုရင်လည်းစိတ်မရှည်တော့
ဘူး။(ဒါတောင်ဘာရိန်းဘုရင်မို့ပေါ့။ကျမတို့နိုင်ငံမှာသာဆိုလို့ကတော့ဟင်း......မပြောလိုက်ချင်ဘူး။)စစ်တပ်
နဲ့အင်အားသုံးပြီးတော့နှိမ်နှင်းတော့တာပဲ။သူတို့ဆီမှာရှိတဲ့စစ်တပ်နဲ့မလောက်တော့ဆော်ဒီနဲ့ဒူဘိုင်းကစစ်
တပ်တွေကိုပါခေါ်ပြီးပြင်းပြင်းထန်ထန်နှိမ်နှင်းတာ။ဒီလိုနဲ့သူတို့ရဲ့ပျော်ပွဲစားတော်လှန်ရေးကြီးရပ်လိုက်ရ
တယ်ပေါ့။သူတို့ရဲ့ဇွဲနဲ့စိတ်ဓါတ်ကိုအားကျလို့ပါ။သူတို့ကိုကျမမြန်မာပြည်ခေါ်သွားရကောင်းမလားစဉ်းစားရင်း
နဲ့တော်ကြာကိုယ်ပါပြန်မရဖြစ်နေရင်ဒုက္ခလို့တွေးမိတာနဲ့အတွေးကိုဒီတင်ရပ်လိုက်ရပါတယ်။
အားလုံးကိုယ်စိတ်နှလုံးရွှင်ပြုံးကြပါစေ။
Digital Marketing (0882-2542-4139)
1 year ago
3 comments:
အံ့တယ် အံ့တယ်... လောဘပဲ ကြီးလွန်းတာလား ၊ အပျင်းထူတာလား၊ အစွန်းရောက်တာလား၊ တစ်ခုခုတော့ တစ်ခုခုပါပဲ။ ပို့လိုက်ချင်ပါရဲ့ မြန်မာပြည်ကို၊
ဟုတ်ကဲ့........ဒါတောင်ခုထိမပြီးသေးပဲဆက်ရန်တွေရှိ
သေးတယ်ကြားတယ်။အဆင်ပြေရင်တော့သူတို့ရဲ့ရွှေ
ဥာဏ်တော်စူးရောက်တာလေးတွေတင်ပေးပါမယ့်။
ကိုယ့်အတွက် အစိမ်းသက်သက်ဖြစ်တဲ့ Bahrain နိုင်ငံအကြောင်းကို ဗဟုသုတအနေနဲ့ ဖတ်ရလို့ ကျေးဇူးတင်ပါတယ် ညီမလေးရေ။ “လူတို့လောဘ ပင်လယ်ဝ”ဆိုတာ သိပ်မှန်ပါလားနော်။ ဘာပဲဖြစ်ဖြစ် တော်လှန်ရေးက ညီမလေးတို့လို့ တခြားသောသူတွေကို ထိခိုက်မှု မရှိတာပဲ ဝမ်းသာရပါတယ်။
Post a Comment