သာယာတဲ့မနက်ခင်းတွေကိုဘယ်လိုဖန်တီးမယ်

         တနေ့တာရဲ့အချိန်တွေထဲမှာမနက်စောစောကိုဘယ်သူကမှသဘောကျနှစ်ခြိုက်ကျမှာမဟုတ်ပါဘူး။
ဒါ့အပြင်ဟောလီးဝုဒ်ဇာတ်ကားကောင်းတွေကြည့်မိလို့ဥာဥ့်နက်သွားတဲ့အခါမျိုးမှာတော့ပိုဆိုးတော့မပေါ့။မ
နက်ခင်းမှာစိတ်ရှုတ်ထွေးမကြည်လင်ပါကသင့်တနေ့တာလုံးများစွာအခက်တွေ့စေနိုင်တာကိုသိထားပါ။သင့်ရဲ့နေ့ရက်တွေတိုင်းမှာစိတ်အပန်းပြေစေနိုင်တဲ့ပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေပါမှအောင်မြင်တဲ့ဘဝကို
ရရှိနိုင်မှာပါ။သင့်မနက်ခင်းတွေမှာကြည်လင်လန်းဆန်းစေမယ့်အချက်တွေရှိပါတယ်။
(၁) အိပ်ယာဝင်တဲ့အခါသင့်ပြတင်းခန်းဆီးကိုတဝက်ဖွင့်ပြီးအိပ်ပါ။မိုးလင်းလို့နေရောင်ကခန်းဆီးကဝင်လာ
တဲ့အခါသင့်ဦးနှောက်ကိုနိုးကြားစေတာမို့အိပ်ယာထဖို့အချိန်ရောက်ပြီဖြစ်ကြောင်းအချက်ပေးလိုက်သလိုပါ
ပဲ။ဒီလိုဆိုနှိုးစက်သံလည်းမြည်ရောသင်ဟာနိုးနှင့်နေပါပြီ။အကောင်းဆုံးကတော့စောစောအိပ်တာပါ။အဲလို
ဆိုရင်တော့သင်ဟာနှိုးစက်ကိုအားကိုးစရာမလိုပဲသင့်မျက်စိကကျင့်သားရနေတာမို့မနက်နေရောင်နဲ့အတူနိုး
ထလာနိုင်ပါလိမ့်မယ်။
(၂) နှိုးစက်ကိုသင့်ထမယ့်အချိန်ထက်၁၅မိနစ်စောပေးပါဒီလိုလုပ်ခြင်းအားဖြင့်အိပ်ယာကအလျင်စလိုထစ
ရာမလိုတော့ပါဘူး။သင့်ရဲ့မနက်ခင်းကိုမိနစ်ပိုင်းလောက်အိပ်ယာထဲမှာလဲလျောင်းရင်းတနေ့တာအစီအစဉ်
တွေကိုစဉ်းစားနိုင်ပါတယ်။ဒီနေ့အဖို့ဘာဝတ်မယ်။ဘာတွေလုပ်မယ်။မနက်စာဘာစားမယ်ဆိုတာမျိုးတွေပေါ့။
ဒါဟာတနေ့တာရဲ့အရေးကြီးတဲ့စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုပါ။နောက်ပြီးဒီမိနစ်ပိုင်းလေးကသင်တကယ်ပိုင်
ဆိုင်တဲ့အချိန်ပိုင်းလေးပါပဲ။
(၃) သင့်မျက်လုံးတွေကိုမဖွင့်သေးခင်အပြင်းကြောဆန့်ပါ။လက်မောင်းကိုမြှောက်လို့လက်ချောင်းတွေကိုဆွဲ
ဆန့်ပါ။ပြီးရင်လက်ဖဝါးတွေကိုဆုတ်နယ်ပေးပါ။တဖက်ပြီးရင်နောက်တဖက်ပြောင်းလုပ်ပါ။လက်ပြီးရင်တော့
ခြေချောင်းလေးတွေ၊ခြေဖဝါးနဲ့ခြေကျင်းဝတ်တို့ကိုဆွဲဆန့်ဆုတ်နယ်ပေးပါ။နောက်ဆုံးကျရင်တော့လည်ပင်း
နဲ့ကျောပြင်ကိုနှိပ်နယ်ပေးပြီးမှအိပ်ယာကထပါ။အဲဒီလိုလုပ်တာဟာသင့်ရဲ့ကြွက်သားနဲ့အရိုးအဆစ်တွေကို
ပျော့ပြောင်းစေတာမို့သွေးလည်ပတ်မှုကောင်းစေပြီးသင့်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အောက်ဆီဂျင်ကိုလဲ
ပေးစွမ်းနိုင်ပါတယ်။
(၄) ရေပန်းအောက်မှာခုံတစ်လုံးထားပြီးထိုင်ပါ။လွယ်လင့်တကူဝယ်လို့ရတဲ့ပလတ်စတစ်ခုံလိုဟာမျိုးကိုသုံး
ပါ။ခုံကိုရေပန်းအောက်မှာခဏထားပြီးနွေးအောင်လုပ်ပါ။ပြီးရင်ခုံပေါ်ထိုင်ပြီးသင့်နောက်ကျောကိုရေပန်းနဲ့ဖြန်းပက်ပေးပါ။အဲဒီလိုလုပ်တာဟာရေအားနဲ့နှိပ်နယ်သလိုမျိုးမို့အကောင်းဆုံးအပန်းဖြေနည်းတစ်မျိုးပါပဲ။
မိနစ်ပိုင်းလောက်လုပ်ပြီးရင်တော့ထိုင်ခုံကိုဖယ်ပြီးစိတ်ကြိုက်ရေချိုးနိုင်ပါပြီ။
(၅) မနက်တိုင်းစိတ်အားဖြည့်အဆိုအမိန့်တခုခုကိုဖတ်ဖြစ်ပါစေ။ဒါဟာသင့်တနေ့တာအတွက်စိတ်ခွန်အား
သစ်ကိုတည်ဆောက်လိုက်တာပါပဲ။နောက်တခုကသင့်စိတ်ကိုကြည်နူးစေတဲ့ကဗျာ၊သို့မဟုတ်စာတပိုဒ်ကို
ပြန်ဖတ်တာ။ဒါမှမဟုတ်ဂီတသံစဉ်တခုခုကိုပြန်နားထောင်တာမျိုးကိုလုပ်ပါ။
(၆) ဗီတာမင်အားဆေးကိုပုံမှန်သောက်ပါ။ဗီတာမင်ဆေးဗူးကိုမီးဖိုထဲကကော်ဖီအိုးနားမှာထားပါ။ဒါမှမနက်
တိုင်းမမေ့မလျော့သောက်ဖြစ်မယ်။နှစ်နှစ်ဆယ်ကျော်စမ်းသပ်ပြုလုပ်ထားတဲ့သုတေသနစစ်တမ်းအရအမေ
ရိကန်လူမျိုးတွေရဲ့ကျန်းမာပျော်ရွှင်တဲ့ဘဝအတွက်ဗီတာမင်အားဆေးသောက်သုံးခြင်းကလည်းအဓိကအ
ကြောင်းအရင်းတချက်ဖြစ်နေတာတွေ့ရတယ်။
(၇)မနက်စောစောမှာဘယ်လိုဆုံးဖြတ်ချက်မျိုးမှမချပါနဲ့။တတ်နိုင်သမျှရွေးခြယ်ဆုံးဖြတ်ရမယ့်ဟာမျိုးတွေ
ကိုရှောင်ကြဉ်ပါ။သင့်မနက်ခင်းဟာပုံမှန်ရိုးရှင်းတဲ့မနက်ခင်းဖြစ်နေဖို့လိုပါတယ်။
(၈) သင်းပျံ့တဲ့ကော်ဖီရနံ့နဲ့သင့်စိတ်ကိုကြည်လင်ပါစေ။သင်တတ်နိုင်သလောက်အကောင်းဆုံးကော်ဖီအ
မျိုးအစားကိုဝယ်ပါ။လတ်ဆတ်တဲ့ကော်ဖီစေ့ဆိုလျင်ပိုကောင်းပါတယ်။ကော်ဖီဖျော်ရင်တော့coffee maker
ကိုထည့်ဖို့မမေ့ပါနဲ့။coffee maker မပါတဲ့ကော်ဖီပျင်းတွေဟာသင့်ကိုငါးမြှားချိတ်နဲ့ဆွဲချိတ်လိုက်သလိုမျိုး
အိပ်ယာကနိုးထစေတာမို့ပါ။ကော်ဖီသောက်ဖို့အကောင်းဆုံးအချိန်ကမနက်ပိုင်းဖြစ်ပါတယ်။ကဖိန်းဓါတ်က
သင့်ရဲ့အာရုံကြောတွေကိုနိုးကြားတက်ကြွစေနိုင်တဲ့အပြင်စိတ်တည်ငြိမ်မှုကိုလည်းပေးစွမ်းနိုင်တယ်။ဒါ့အ
ပြင်ခေါင်းကိုက်ဝေဒနာကိုလည်းပြေပျောက်စေနိုင်ပါတယ်။
(၉) နောက်ဆုံးအနေနဲ့ကတော့အလုပ်မသွားခင်သင့်ခံတွင်းကိုသန့်ရှင်းရေးလုပ်ပါ။ဒါမှသင့်ရဲ့ဝင်လေထွက်
လေဟာသန့်ရှင်းလတ်ဆတ်လို့အများသူငါကိုကြည်လင်လန်းဆန်းမှုတွေပေးစွမ်းနိုင်ပါလိမ့်မယ်။ဒီလိုဆိုရင်
တော့ပြီးပြည့်စုံတဲ့မနက်ခင်းတွေကိုပိုင်ဆိုင်ရမှာအမှန်ပါပဲ။


အားလုံးကိုယ်စိတ်နှလုံးရွှင်ပြုံးကြပါစေ

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates