ကျမရဲ့အလွဲများ(၂ )

           ပြီးခဲ့တဲ့မူစလင်ဥပုပ်လတုန်းကအဖြစ်အပျက်လေးပါ။အာရပ်နိုင်ငံတွေရဲ့ဥပဒေအရသူတို့ဥပုပ်လမှာ
ဘယ်လူမျိုး၊ဘယ်ဘာသာဝင်မဆိုအများသူငါရှေ့မှာအစားစားတာမျိုးမလုပ်ရပါဘူး။စားနေတာတွေ့ရင်သူ
တို့ကပြင်းပြင်းထန်ထန်အပြစ်ပေးလေ့ရှိတယ်။အဲဒါကိုသိထားတော့ကျမလည်းသူများဘာသာကိုလေးစားတဲ့
အနေနဲ့အပြင်မှာတတ်နိုင်သမျှဘာမှမစားဖြစ်အောင်နေပါတယ်။အလုပ်မဝင်ခင်အိမ်မှာတည်းကပြီးအောင်
စားသွားတာပေါ့။
           တခုသောဥပုပ်ရက်မှာတော့ကျမအလုပ်ချိန်ကနေ့ခင်းမို့နေ့လည်စာကိုထမင်းချိုင့်မယူတော့ပဲအိမ်
မှာပဲစားသွားလိုက်တယ်။အဲဒီနေ့ကနည်းနည်းလည်းနောက်ကျနေတာနဲ့ကတိုက်ကရိုက်စားပြီးကားမှီအောင်
အမြန်ပြေးရတာမို့သွားပြန်မတိုက်ခဲ့လိုက်ရဘူးဆိုပါတော့။ဒါနဲ့အလုပ်ထဲရောက်တော့ပါးစပ်နံနေမှာစိုးတာ
နဲ့ပီကေဝါးပြီးအလုပ်ဝင်လိုက်တာပေါ့။
         အလုပ်ဝင်စမှာပဲဈေးဝယ်သူတွေကများနေတာမို့ပီကေကိုမေ့ပြီးဆက်ဝါးနေမိတယ်။(ကံကောင်းစွာနဲ့
အုပ်ချုပ်ရေးမှုးတွေကလည်းပီကေစားနေတာကိုမမြင်ကြဘူး)အလုပ်ဝင်ပြီးနာရီဝက်လောက်အကြာမှာဇာတ်
လမ်းစတယ်ဆိုပါတော့။ကျမကောင်တာကိုဘာရိန်းလင်မယားနှစ်ယောက်ရောက်လာတယ်။သူတို့ဝယ်တာ
ကလည်းထရော်လီလှည်းအပြည့်မို့ကျမလည်းမြန်မြန်တွက်ပေးနေတုန်းအမျိုးသမီးကြီးကကျမကိုပြောတယ်။
ပီကေမစားနဲ့၊မကောင်းဘူးတဲ့လေ။
         ကျမလည်းရုတ်တရက်ဆိုတော့ကြောင်သွားတယ်။လူကြီးမို့ပီကေစားတာမကြိုက်တာပဲဆိုပြီးတောင်း
ပန်လိုက်ပါတယ်။နောက်ပြီးခုပဲနေ့လည်စာစားခဲ့တာမို့ပါးစပ်နံမှာစိုးတဲ့အတွက်စားနေတာဆိုတဲ့အကြောင်းပါ
ရှင်းပြလိုက်ပါတယ်။အဲဒီအမျိုးသမီးကြီးကလည်းသဘောကောင်းရှာပါတယ်။အခုလိုမစားဖို့ပြောရတဲ့အတွက်
စိတ်မကောင်းဘူးဆိုတာပြောပြီးထွက်သွားလေရဲ့။
         သူတို့ထွက်သွားပြီးအတော်ကြာတဲ့အထိအကြောင်းရင်းမှန်ကိုမသိသေးဘူး။နောက်တော့မှဥပုပ်လမှာ
လူမြင်ကွင်းထဲဘာမှမစားရတာကိုသတိရတော့တယ်။သူကဥပုပ်လမို့အစားမစားဖို့သတိပေးတာကိုတလွဲ
တွေးပြီးအိမ်မှာထမင်းစားလာတဲ့အကြောင်းပါထပ်ပြောပြလိုက်သေးတယ်။အဲဒီတော့မှကျမလည်းကိုယ်ကို
ကိုယ်တွေးရင်းရယ်ချင်တာတလိမ့်လိမ့်ပဲ။ကံကောင်းလို့အဖမ်းမခံရတာ။သဘောကောင်းတဲ့သူနဲ့တွေ့လို့
တော်သေးတာပေါ့။မဟုတ်ရင်လုံခြုံရေးခေါ်ပြီးတခုခုလုပ်မှာအသေအချာပဲ။ကျမဆိုတဲ့ကျမကအဲဒီလိုလွဲ
တတ်တဲ့သူပါ။

အားလုံးကိုယ်စိတ်နှလုံးရွှင်ပြုံးကြပါစေ

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates