လက်ဆင့်ကမ်းစေတနာ

           ကျမနဲ့ကျမသူငယ်ချင်းတွေဟိုတယ်မှာနေ့လည်စာစားလို့ပြီးခါနီးမှာပဲမိုးကသည်းသည်းထန်ထန်ရွာ
လာတယ်။မိုးနည်းနည်းစဲသလောက်ရှိတော့ဟိုတယ်နဲ့သုံးလမ်းကျော်ကကျမရုံးမှာရပ်ထားတဲ့ကားကိုသွားယူ
ဖို့မိုက်မိုက်မဲမဲဆုံးဖြတ်လိုက်တယ်။ကျမသူငယ်ချင်းတွေကမသွားဖို့တားကြတယ်။အဲဒီအချိန်မှာကျမကိုယ်ဝန်
က၇လကျော်နေပြီမို့သူတို့ကစိုးရိမ်ကြတာ။ဒါနဲ့ပဲကျမကသေချာဂရုစိုက်ပြီးသွားမယ့်အကြောင်းသူတို့ကိုအာမ
ခံပြီးထွက်လာခဲ့လိုက်တယ်။သူငယ်ချင်းတစ်ယောက်ကကျမနဲ့လိုက်ခဲ့ပေးချင်ပေမယ့်တခြားကလေးပါတဲ့သူ
ငယ်ချင်းမအတွက်လည်းအဖော်လိုတာမို့မလိုက်ဖို့အတင်းတားပြီးထားခဲ့ရတယ်။
           ဟိုတယ်ကထွက်ပြီးကားဆီကိုအသွားမှာမီးပွိုင့်တစ်ခုရောက်တော့ကားတစ်စီးကရပ်လိုက်ပြီးကား
ထဲကလူတစ်ယောက်ထီးဖွင့်ဆောင်းပြီးထွက်လာတယ်။ဘာဖြစ်တယ်ဆိုတာမသိလိုက်ခင်မှာပဲအဲဒီလူကကျ
မဘေးရောက်နေပြီးကျမသွားမယ့်နေရာရောက်တဲ့အထိသူလိုက်ပို့ပေးမယ့်အကြောင်းပြောတယ်။ကျမ
လည်းရှက်ရှက်နဲ့ကိစ္စမရှိဘူးဆိုတာပြောပေမယ့်သူကခေါင်းမာစွာပဲဘေးကပါလာတယ်။တလမ်းလုံးလည်း
မြေကြီးကစိုပြီးချောနေတာမို့သတိထားပြီးဖြည်းဖြည်းလျှောက်ဖို့အကြောင်းတတွတ်တွတ်နဲ့ပြောလာတာ။
ကားရပ်ထားတဲ့နေရာရောက်တော့ကျမလည်းသူ့ကိုကျေးဇူးစကားပြောပြီးကိုယ့်လမ်းကိုယ်ဆက်ကြတာပေါ့။
အဲဒီလူရဲ့နံမည်ကိုကျမမသိခဲ့ရသလိုခုဆိုသူ့မျက်နှာကိုမှတ်မိဖို့တောင်မလွယ်ပါဘူး။အဲဒီလူကကျမကိုကူညီ
ဖို့အတွက်တမင်ကားရပ်ခဲ့တာလားဆိုတာတော့ကျမဘယ်တော့မှမသိနိုင်မယ့်အဖြေပါ။အဲဒီတော့ဒီကျေးဇူး
ကိုကျမဘယ်လိုတုန့်ပြန်နိုင်ပါတော့မလဲ။
           တနေ့တော့မိုးသည်းထဲမှာအိန္ဒိယလူမျိုးဆောက်လုပ်ရေးအလုပ်သမားနှစ်ယောက်ကျမအိမ်ရှေ့က
ဖြတ်လျှောက်သွားတာတွေ့လိုက်ရတယ်။သူတို့ကကျမတို့ရပ်ကွက်နဲ့တော်တော်လှမ်းတဲ့လုပ်ငန်းခွင်ရှိရာကို
သွားကြဟန်တူပါတယ်။အဲဒါနဲ့ကျမလည်းထီးယူအပြင်ထွက်ပြီးသူတို့ကိုထီးပေးလိုက်တယ်။သူတို့ကလည်း
ကျမစေတနာကိုအသိအမှတ်ပြုတဲ့အနေနဲ့ဝမ်းသားအားရလက်ခံရှာပါတယ်။ကျမကဒီထီးကိုပြန်ပေးစရာမ
လိုတဲ့အကြောင်းပြောလိုက်တော့ကျေးဇူးစကားအထပ်ထပ်ဆိုပြီးထွက်သွားကြတယ်။သူတို့လည်းကျမတုန်း
ကလိုပဲလူစိမ်းတစ်ယောက်ကဘာလို့ဒီလိုကြင်ကြင်နာနာကူညီရတာလဲဆိုတာကိုမယုံနိုင်သလိုတအံ့တသြ
ဖြစ်သွားကြပုံပါပဲ။ကျမအတွက်ကတော့ကိုလူစိမ်းပြုခဲ့တဲ့စေတနာကိုတုန့်ပြန်လိုက်နိုင်တာကတကြောင်း၊
သူတို့ရဲ့ပီတိမျက်နှာကိုမြင်လိုက်ရတာကတကြောင်းမို့အတိုင်းမသိကြည်နူးလို့ပေါ့။

အားလုံးကိုယ်စိတ်နှလုံးရွှင်ပြုံးကြပါစေ

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates