စိတ်ကိုဘယ်လိုထိန်းကျောင်းပြုပြင်မယ်

           လူပတ်ဝန်းကျင်မှာကျင်လည်နေရတဲ့လူတွေရဲ့စိတ်အခြေအနေဟာအချိန်မရွေးပြောင်းလဲနေတတ်
ပါတယ်။စိတ်ခံစားမှုဆိုတာကပတ်ဝန်းကျင်၊အခြေအနေ၊အချိန်အခါကိုလိုက်ပြီးအချက်မပေးပဲရုတ်တရက်ကျ
တတ်တဲ့မုန်တိုင်းလိုအချိန်မရွေးပြောင်းလဲနေတာမျိုးပါ။ပတ်ဝန်းကျင်အခြေအနေကိုလိုက်ပြီးအပြောင်းအလဲ
မြန်ဆန်လေ့ရှိတဲ့လူအများစုမှာအဲဒီလိုဖြစ်ရတဲ့အကြောင်းရင်းများစွာရှိသလိုမိမိတို့ရဲ့စိတ်ခံစားမှုတွေတိုး
တက်မြင့်မားလာအောင်ပြုပြင်ပြောင်းလဲပစ်လို့ရတဲ့နည်းလမ်းပေါင်းများစွာလည်းရှိနေပြန်ပါတယ်။
`စိတ်ဓါတ်အင်အားတွေမြင့်မားလာအောင်ဘယ်လိုလုပ်မလဲ`
           ပထမဆုံးအနေနဲ့စိတ်မကြည်မလင်ဒေါသဖြစ်နေတာကိုသိအောင်ကြိုးစားပါ။အဲဒီလိုမိမိစိတ်အခြေ
နေမှန်ကိုသိသွားတဲ့အခါကိုယ့်ကိုကိုယ်ထိန်းချုပ်လာနိုင်ပါလိမ့်မယ်။ဒါ့အပြင်ဒီနည်းလမ်းတွေကလည်းသင်တို့
ရဲ့စိတ်ခံစားမှုတွေကိုပြုပြင်ပြောင်းလဲပေးနိုင်ပါလိမ့်မယ်။
၁။စိတ်ဓါတ်ကျကာစိတ်ရှုတ်ထွေးနေပါကကိုယ်ကာယလေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ပါ။
၂။စိတ်ပင်ပန်းနွမ်းနယ်နေသည်ဟုထင်ပါကရေနွေးပူပူတွင်ခပ်ကြာကြာရေစိမ်ချိုးပါ။အကြောအခြင်များပြေ
သွားပါကစိတ်ကြည်လင်လန်းစမ်းသွားတတ်ပါတယ်။
၃။စိတ်သောကရောက်နေသည့်အခါရုပ်ရှင်ကြည့်ပါ။သို့မဟုတ်စာအုပ်ဖတ်ပါ။သို့မဟုတ်လျှင်မိတ်ဆွေအ
ပေါင်းအသင်းများနှင့်စကားလက်ဆုံပြောပါ။
၎။လက်ရှိပတ်ဝန်းကျင်ကနေရှောင်ထွက်နိုင်ရန်ကြိုးစားပါ။ရှောင်ထွက်သွားဖို့မဖြစ်နိုင်ပါကမိမိကိုစိတ်ကြည်
နူးချမ်းမြေ့စေခဲ့သည့်နေရာဒေသ၊အဖြစ်အပျက်များကိုအမှတ်ရနေလိုက်ပါ။
၅။အရာရာကိုအကောင်းမြင်တတ်ပြီးပျော်ပျော်နေတတ်သူများနှင့်မိတ်ဆွေဖွဲ့ပါ။
၆။မိမိအကြောင်းကောင်းသတင်းများကိုနားစွင့်ပါ။သတင်းကောင်းတခုသည်လည်းသင်တို့ရဲ့စိတ်ဓါတ်စွမ်း
အားများကိုမြှင့်တင်ပေးနိုင်ပါလိမ့်မယ်။
       ထိုအချက်များကသင်တို့၏စိတ်ဓါတ်အင်အားများကိုတိုးတက်စေနိုင်ပါတယ်။သို့သော်ဒေါသဆိုသည်မှာ
မုန်တိုင်းတခုကဲ့သိုအချိန်မရွေးဝင်လာတတ်ပြီးအချိန်မရွေးပင်ပြန်ထွက်သွားတတ်သောအရာဆိုသည်ကို
တော့မမေ့သင့်ပေ။
အားလုံးကိုယ်စိတ်နှလုံးရွှင်ပြုံးကြပါစေ

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates